Mozilla Firefox တွင် အချက်အလက် မကျန်စေအောင်.


ဒါလေးက တစ်ကယ့်ကို သိထားသင့်တဲ့ အချက်လေးပါ။ သေသေချာချာဖတ်ပေးကြပါနော်။ ဗဟုသုတရပါတယ်။
တစ်ခါတစ်လေပေါ့ဗျာ။
ကိုယ်ကအင်တာနက်သုံးနေတုံးအင်တာနက်ကပျက်သွားရင်
ဘာမှsign outလုပ်လို့မရဘူးဖြစ်နေရင်sign outလုပ်စရာမလိုတဲ့
နည်းကတော့လွယ်ပါတယ်။
မသိသေးတဲ့လူတွေအတွက်ဖော်ပြပေးထားတာပါ
အင်တာနက်ဆိုင်သွားတဲ့လူတွေအတွက်တော့သင့်တော်ဒါပေါ့။
အဲဒီလိုလုပ်ခြင်းအားဖြင့်လည်း
Mozilla firefoxမှာကိုယ်နှင့်ပက်သက်တဲ့wesite nameတွေရောgmail accountတွေရော
account passwordတွေရော
ဘာဆိုဘာတစ်ခုမှကျန်ခဲ့မှာမဟုတ်ပါဘူး။
ဘယ်လိုလုပ်ရမလဲဆိုတော့


Mozilla Firefox>Toos>clear private data ဆိုတာကိုနှိပ်ပြီးတော့


အဲဒီမှာပေါ်လာတဲ့textတွေကိုအကုန်clickနှိပ်ပြီးတော့clear private data nowဆိုတာကိုနှိပ်လိုက်
ရင်ရပါပြီ။

ဆက်ဖတ်ရန်...

view source နဲ့အသုံးပြုလို့ရတဲ့နည်း (သတိပြုရန်)


သူငယ်ချင်းတို့ရေ view source နဲ့ အသုံးပြုလို့၇တဲ့နည်းလေးပေါ်လာပါပီ

View source က မူလစာမျက်နှာမှာရှိတဲ့ လင့်တွေ သို့မဟုတ် တစ်ခြားဝက်ဆိုက်မှာတင်ထားတဲ့စာတွေပုံတွေကို တစ်မျက်နှာလုံးပေါ်အောင် ကူးယူးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဒီနည်းကို သုံးတယ်ပြီဆိုရင် သူများစာမျက်နှာကဟာတွေကို

အလွယ်တကူကူးမယူစေရန် သတိပေးချင်ပါတယ် ဒီနည်းလေကို သိအောင် တတ်အောင်ပြချင်တဲ့သဘောလေးနဲ့ ဒီလိုလုပ်လို့ရတဲ့ဆိုတာကို ဖော်ပြချင်တာပါ



အသုံးပြုပုံလေးတွေကို သူငယ်ချင်းတို့အလွယ်တကူနားလည်အောင်လို့ ပုံးလေးတွေနဲ့ဖော်ပြချင်ပါတယ်။



၁။ဒီလင့်လေးကိုကလစ်ပေးပါ

၂။ ထိုနောက်



ဒီပုံလေးပေါ်လာပါလိမ့်မယ် ၃။ ပေါ်လာတဲ့အကွက်နေရာမှာသင်ကော်ပီချင်တဲ့လင့်လေးရိုက်ထည့်ပါ


၎။ ထိုနောက်ဒီစတိုင်လေးပေါ်လာပါလိမ့်မယ်


အကွက်ကြီးတည်းကစားလုံးများကို COPY လေးပေးပါ ၅။ထိုနောက် သင် PASTE လုပ်ရမဲ့နေရာကိုသွားပါ


၆။မိတ်ဆွေအဲဒီအကွယ်လေးထဲကိုရောက်ရင် စောနကကူးလာတဲ့ကုတ်လေးများကို paste လေးကလစ်ပြီးထည့်လိုက်ပါ


၇။ပေါ်လာပြီဆိုတာနဲ့ save ကိုကလစ်ပါ ထိုနောက်မိတ်ဆွေ၏စာမျက်နှာမှာမိတ်ဆွေလိုချင်တဲ့လင့်လေးများပေါ်လာပါပီ။

ပေါ်လာတဲ့ပုံလေးများကတော့ သင်ယူလာတဲ့ဆိုက်မှရှိသည့် song,clander,logo.link.flag စသဖြင့်ပေါ်လာပါမယ်အောက်ပါဓာတ်ပုံလေးအတိုင်းပေါ့





ကဲ သူငယ်ချင်းတို့ရေနည်းလမ်းလေးကတော့ ဒါဘဲနော်ကြိုးစားကြည့်ကြပေါ့အားလုံးဘဲနော်


GOD LUCK !!!
ဒီနေရာ မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

ဗိုင်းရပ်စ်များနှင့် ပါတ်သက်၍ .


ဟိုတစ်လောက ဗိုင်းရပ်စ်တွေအကြောင်းရေးထားတဲ့ Post လေး တစ်ခုကို ဖတ်လိုက်ရတာ တော်တော်သဘောကျတယ်ဗျ ..။ ကျွန်တော်လည်း အဲဒီအကောင်တွေကို လေ့လာနေတာပါ ..။ သူတို့နဲ့ပါတ်သက်ပြီး ကျွန်တော့်အမြင်ကို ပြောပြချင်ပါတယ် ..။
ကျွန်တော့်အမြင်မှာ computer virus တွေကို အဓိက အုပ်စုကြီးနှစ်စု ခွဲနိုင်မယ်ထင်ပါတယ်။ ပထမအုပ်စုက အခုခေတ်မှာတော့ တော်တော်တွေ့ရခဲသွားပါပြီ။ သူတို့က exe package တွေထဲမှာ ထိုးဖောက်ပြီး သူ့ code တွေ ရေးသွားတာပါ။ exe package ရဲ့ header နောက်ကနေပြီး jump code နဲ့ မူရင်း code တွေအရင် သူ့ကိုသူ execute လုပ်ပါတယ်။ နောက်မှ မူရင်း exe ရဲ့ code တွေကို execute လုပ်ဖို့လွှဲပေးတတ်တယ်။ သူတို့မှာ သူတို့ရဲ့ target executable file type ရှိကြပါတယ်။ Computer ပေါ်မှာ run နိုင်ဖို့ exe, com, sys စတဲ့ ဖိုင်အမျိုးအစား တစ်မျိုးမျိုးမှာ သူတို့ကိုယ်သူတို့ ချိတ်ဆက် လိုက်ကြလေ့ရှိပါတယ်။




An example of relocating code.



နောက်တစ်ခုကတော့ အခုအများတွေ့ကြုံနေရတဲ့ သူ့ဘာသာ သီးသန့် exe file အဖြစ် read only hidden system file အနေနဲ့ တွေ့ရတတ်တဲ့ အမျိုးအစားပါ။ သူတို့ရဲ့ ပုံတူပွား exe တွေဟာ folder icon ယူထားတတ်ကြပါတယ်။ Directory တွေရဲ့ နာမည်ကိုကူးယူ၊ သူတို့ကိုယ်သူတို့ အဲဒီနာမည် ပေးပြီး မူရင်း folder ကို system file hidden အမျိုးအစားဖြစ်အောင် လုပ်ပစ်တတ်ပါတယ်။ User မြင်နေရတဲ့ folder ဟာ အမှန်က exe file ဖြစ်နေပါပြီ ..။ သူတို့ဟာ windows registry ထဲမှာ startup value တွေ ထည့်ပြီး သူတို့ကိုယ်သူတို့ run နိုင်အောင်လုပ်ကြပါတယ်။



Anti-virus ပရိုဂရမ်တစ်ခုခုနဲ့ virus ရှင်းတဲ့အခါ ဒုတိယတစ်မျိုးမှာ ပြဿနာမရှိပေမယ့် ပထမ တစ်မျိုး ကူးစက်ဝင်ရောက်ခံထားရတဲ့ စက်မှာရှိတဲ့ exe package တွေဟာ remove လုပ်ခံရပါတယ်။ သူတို့ရဲ့ exe package တွေထဲမှာကို virus code တွေပါနေတော့ သူတို့ဟာ ဖျက်သိမ်းခံရတာပါ။ ရှားပါးတဲ့ software တွေတင်ထားရင်၊ software setup တွေသိမ်းထားရင် အားလုံးသွားပြီ။ အဲဒါကြောင့် အဲဒီလိုမဖြစ်စေပဲ သူတို့ကို ရှင်းထုတ်နိုင်မယ့်နည်းကို သိကြရင် လက်ဆင့်ကမ်းကြပါဦးလို့ အားလုံးကို အကူအညီ တောင်းပါတယ်။ ဒီအမျိုးအစားဟာ အခုနောက်ပိုင်းမှာ တွေ့ရခဲတယ်ဆိုပေမယ့် တွေ့တော့ တွေ့နေရတုန်းဖြစ်ပါတယ်။(တောင်းပန်ချက်။ ။ ကျွန်တော် Hex Editor သုံးနိုင်သောအဆင့်မရောက်သေးပါ။)

ဆက်ဖတ်ရန်...

အွန်လိုင်းမှာ E Book တွေကို ဘယ်လိုရှာရမလဲ။


PDF Search Engine


ကျွန်တော် E Book ~ pdf တွေ ဖတ်စရာရှိတာတွေကို ရှာရင် အမြဲ free ရတဲ့ ဆိုဒ်တွေမှာ ရှာလေ့ ရှိပါတယ်။ ဆိုဒ်တွေ ဖတ်ရင် စာအုပ် အသစ်တွေထွက်ရင် အမြဲဖတ်ချင်တယ် ခက်တာက ကျွန်တော်တို့ ဆီမှာ အဲဒီ စာအုပ်တွေ ၀ယ်လို့ မရဘူး။ နောက် ၀ယ်ဖို့ အဲဒီ 30, 40, 100, 200, 500 တန် စာအုပ်တွေ ၀ယ်ဖို့လဲ ပိုက်ဆံ မရှိပါဘူး။ အဲဒီတော့ အရင်ဆုံး အခုတင်လိုက်တဲ့ PDF EBook Search Engine တွေမှာ လိုက်ရှာပါတယ်။ အဲဒီ ဆိုဒ်တွေမှာ နာမည်ကျော် စာအုပ်တွေ ဖရီး download လုပ်လို့ ရပါတယ်။ ထွက်တာ မကြာသေးတဲ့ စာအုပ်လဲ ရတယ်။ နည်းပညာ၊ ဟာသ၊ ၀တ္တု၊ မဂ္ဂဇင်း အစုံ ရှာလို့ ရပါတယ်။ တော်တော် အသုံးတည့်ပါတယ်။ လောလောဆယ်တော့ Site Point က စာအုပ်တွေ အလကားရလို့ ပျော်နေပါတယ်။ ဖတ်ဖို့ မီးမလာတော့ လောလေဆယ် ဘာမှ လုပ်မရဘူး။ :D




PDF Search Engine


PDF Search Engine



PDF Search Engine

Pdf Geni


df Geni


Pdf Geni


ဒီတစ်ခုက iPhone Application ပါ ရှိပါတယ်။ Apple မှာ ကြည့်နိုင်ပါတယ်။

Data-Sheet


Data-Sheet


Data-Sheet

eBdb



eBdb


eBdb

eBook Searchr


eBook Searchr


eBook Searchr


Search E Books


searchebooks


Search E Books

eBooks Bay


ebooksbay



eBooks Bay




ဒီနေရာလေး မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

Gtalk မှာပဲ youtube video ကိုမြန်မာပြည်တွင်းကိုပြမယ်........

ကျွန်တော်လဲဘလော့လုပ်ထားပြီးမရေးပဲလိုက်ပဲဖတ်နေဖြစ်တာကြာပြီဆိုတော့ဘလော့ကိုမျက်စိလည်လမ်းမှား ပြီးတစ်ခါတစ်လေရောက်လာတဲ့သူတွေလောက်ပဲလာလာဖတ်ကြတယ်...ဟားဟား....

အခုတော့မရေးတာလဲကြာပြီဆိုတော့ ပြီးတော့မြန်မာစစ်အဆိုးရ(အစိုးရမဟုတ်)က Ban ထားတဲ့ဗွီဒီယိုဟို့စတင်းဆိုက်တစ်ခုဖြစ်တဲ့ http://www.blogger.com/www.youtube.com ကဗွီဒီယိုတွေကိုမြန်မာပြည်ကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Gtalk Chat window ထဲမှာပဲတစ်ခါထဲပြလိုက်လို့ရတဲ့ဆော့ဖ်ဝဲလေး ကိုတွေ့မိလို့ပို့စ်လေးတစ်ခုလဲဖြစ်အောင်ပြန်ပြီးမျှလိုက်ပါတယ်ဗျာ...
အဲဒီဆော့ဖ်ဝဲက ဂျီတော့ရဲ့ဘက်ဂရောင်းပုံတွေဘာတွေကအစကိုယ့်ပုံကိုပြောင်းချင်တာပြောင်းလို့ရပါတယ်...တစ်ချို့သူတွေလက်ရှိသုံးနေတဲ့Mytheme လိုဆော့ဖ်ဝဲမျိုးပါပဲ...ဒါပေမယ့်အဲဒီ Mytheme ကတော့ဘက်ဂရောင်းပုံတွေကိုကိုယ်ပြောင်းချင်တဲ့ပုံပြောင်းဖို့အတွက်အဆင်သင့်မပေးထားဘူး...Advance level မှပဲရမယ်...

လိုအပ်တဲ့ကုဒ်တွေကိုကွန်ပျူတာထဲမှာအဆင့်ဆင့်သွားရှာပြီးပြင်မှရတယ်ဆိုတော့သိတ်အလုပ်မဖြစ်ဘူး....ဒါပေမယ့်အခုတော့ smileys,radio channels,TV news channel,google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲမှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....

၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာwinrar ဆော့ဖ်ဝဲရှိဖို့တော့လိုအပ်ပါတယ်။မရှိခဲ့လျှင်တောဒီမှာဒေါင်းလုပ်အရင်လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့

ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကို ဒီမှာအရင် ဒေါင်းလုပ်လုပ်ရပါမယ်။

ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...ဒါဆိုရင်တော့အင်စတောလုပ်သည့်ဖြစ်စဉ်ပြီးဆုံးပြီဖြစ်ပါတယ်။

ပြီးလျှင်တတိယအဆင့်အနေနှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအားအရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကိုရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။

Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....ှStart--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကိုရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။
မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင်google video အား sravi:gvideo:Utube video ဆိုလျှင် sravi:utube:<http://www.youtube.com/watch?v=P6HYimHlj4E ဟုမိမိပြချင်သည့်သူအား၎င်းနှင့်ချက်နေသည့်ဝင်း ဒိုး လေးထဲတွင်ရေးထည့်ပေးလိုက်လျှင်ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထားလျှင်ကြည့်လို့ရပြီဖြစ်ပါတယ်။

အထက်က youtube video link နေရာမှာဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brown ရဲ့ with youဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....

Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အားဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်လမ်းညွှန်ပြထားပါတယ်။ပုံတွေဘာတွေတော့မဖော်ပြနိုင်တော့တာနားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..အဲဒီအတွက်တော့မူရင်းဝဘ်ဆိုက်မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်...ပို့စ်အောက်ခြေအဆုံးနားတွင်မူရင်းဝဘ်ဆိုက်အား Credit ပေးဖော်ပြထားပါတယ်...

Credit = Mr Ravi Sharma

အထက်ပါပို့စ်အားMr Ravi Sharma's weblog မှသင့်တော်သလိုကြိုးစား၍လက်တွေ့နှင့်ယှဉ်ပြီးရေးသားထားပါသည်။

Thank you so much for your Gtheme version 2.0 , Mr Ravi Sharma

ကိုတေ ကျေးဇူးလေးပါ..အားလုံးကို မျှဝေလိုက်ပါသည်...

ဆက်ဖတ်ရန်...

Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း။

ပထမဆုံးအနေနဲ့ Windows Boot Time မြန်ဆန်စေဖို့ ရိုးရှင်းစွာလုပ်ဆောင်ရမှာကတော့ System BIOS ကို အပြောင်းအလဲအနည်းငယ်လုပ်ဖို့ပါပဲ။BIOS (၀ါ) Basic Input/Output System သည် သက်ဆိုင်ရာ Hardwareများအချင်းချင်းချိတ်ဆက်အလုပ်လုပ်နိုင်စေရန်အတွက်ထိန်းချုပ်လုပ်ဆောင်ပေးနိုင်သော ညွှန်ကြား ချက်အစုအဝေး (၀ါ) set of instructions များကို chip တစ်ခုထဲတွင် ထည့်သွင်းတည်ဆောက်ထား ပါသည်။ ထိုchip အစိတ် အပိုင်းကို Motherboard ပေါ်တွင် Build in တပ်ဆင်ထားပါ သည်။ System Settings ကိုအပြောင်းအလဲ လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ သင့်အနေနှင့် BIOS ရှိ မလိုအပ်သော Settings များကိုပြောင်း လဲမှုကြောင့် ဖြစ်ပေါ်လာသော windows boot မတက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာ နိုင်ပါသည်။

1. Computer ကို အလုံးစုံပိတ်ချလိုက်ပါ။ Sleep (or) Hibernation Mode ဖြင့် ပိတ်ခြင်းကိုရှောင်ကြဉ်ပါ။

2. Computer ကိုပြန်ဖွင့်ပါ။

3. BIOS screen မှာဖော်ပြတဲ့ ထုတ်ကုန် အကြုံပြုချက်ကို ဖတ်ရှုလေ့လာပါ။ BIOS ကိုဝင်ရောက်နိုင်ဖို့ရန်အ တွက် motherboad ပေါ်မှုတည်ပြီး DEL key, F1 Key , F10 Key နှင့် CTRL-ALT-S ကွဲပြားနိုင်ပါသည်။

4. BIOS Setup ထဲရောက်လျှင် Boot Menu သို့ရောက်အောင် arrow keys, Tab နှင့် Enter ကီးကိုအသုံးပြု ပါ။

5. Boot Menu သို့ရောက်လျှင် ပုံတွင်ပြထားသည့် Quick Boot Mode ကိုရှာဖွေပါ။ တွေ့လျှင် Enable လုပ်ပါ။မှတ်ချက် - Enable လုပ်ခြင်းဖြင့် Memory စစ်ဆေးခြင်းနှင့် အရေးမကြီးသော Power On Self Tests (POST) အပိုင်းလေးများကို ကျော်လွှားသွားခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ် သည်။

6. နောင်တစ်ခုအနေနှင့် Boot Device Priority ကိုရှာပါ။ First boot device ကို hard drive ရွေးပေးပါ။ ထိုသို့ ရွေးချယ်ခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ်သည်။သို့သော် ထိုသို့ရွေးချယ်ထား ခြင်းဖြင့် CDROM , Floppy မှ Boot လုပ်နိုင်တော့မည်မဟုတ်ပါ။တကယ်လို့များ CDROM , Floppy မှ Boot လုပ်လိုပါက ခုနက ပြင်ဆင်ခဲ့သော First boot device တွင် CDROM or Floppy ကိုပြန်ရွေးပေးရန်လိုပါသည်။

7. အထက်ပါလုပ်ဆောင်ချက်နှစ်ခုပြီးဆုံးသွားပါက Exit and Save Changes ကိုရွေးပါ။ ပြီးလျှင် Computer reboot ပြန်လည်လုပ်ဆောင်ခြင်းဖြင့် Boot Time မြန်ဆန်ခြင်း၊ မည့်သည့် Device ဖြင့် windows တက်ရမည် ကို ရှာဖွေစရာမလိုတော့ခြင်း (၀ါ) ရှာဖွေချိန်သက်သာခြင်းကြောင့် Windows Boot Time ကိုပိုမိုမြန်ဆန်စေ ခြင်း အကျိုးတရားများကိုရရှိစေပါသည်။

ဆက်ဖတ်ရန်...

 
လပြည့်ဝန်း © 2008. Template by BloggerBuster.