Gtalk မှာပဲ youtube video ကိုမြန်မာပြည်တွင်းကိုပြမယ်........

ကျွန်တော်လဲဘလော့လုပ်ထားပြီးမရေးပဲလိုက်ပဲဖတ်နေဖြစ်တာကြာပြီဆိုတော့ဘလော့ကိုမျက်စိလည်လမ်းမှား ပြီးတစ်ခါတစ်လေရောက်လာတဲ့သူတွေလောက်ပဲလာလာဖတ်ကြတယ်...ဟားဟား....

အခုတော့မရေးတာလဲကြာပြီဆိုတော့ ပြီးတော့မြန်မာစစ်အဆိုးရ(အစိုးရမဟုတ်)က Ban ထားတဲ့ဗွီဒီယိုဟို့စတင်းဆိုက်တစ်ခုဖြစ်တဲ့ http://www.blogger.com/www.youtube.com ကဗွီဒီယိုတွေကိုမြန်မာပြည်ကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Gtalk Chat window ထဲမှာပဲတစ်ခါထဲပြလိုက်လို့ရတဲ့ဆော့ဖ်ဝဲလေး ကိုတွေ့မိလို့ပို့စ်လေးတစ်ခုလဲဖြစ်အောင်ပြန်ပြီးမျှလိုက်ပါတယ်ဗျာ...
အဲဒီဆော့ဖ်ဝဲက ဂျီတော့ရဲ့ဘက်ဂရောင်းပုံတွေဘာတွေကအစကိုယ့်ပုံကိုပြောင်းချင်တာပြောင်းလို့ရပါတယ်...တစ်ချို့သူတွေလက်ရှိသုံးနေတဲ့Mytheme လိုဆော့ဖ်ဝဲမျိုးပါပဲ...ဒါပေမယ့်အဲဒီ Mytheme ကတော့ဘက်ဂရောင်းပုံတွေကိုကိုယ်ပြောင်းချင်တဲ့ပုံပြောင်းဖို့အတွက်အဆင်သင့်မပေးထားဘူး...Advance level မှပဲရမယ်...

လိုအပ်တဲ့ကုဒ်တွေကိုကွန်ပျူတာထဲမှာအဆင့်ဆင့်သွားရှာပြီးပြင်မှရတယ်ဆိုတော့သိတ်အလုပ်မဖြစ်ဘူး....ဒါပေမယ့်အခုတော့ smileys,radio channels,TV news channel,google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲမှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....

၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာwinrar ဆော့ဖ်ဝဲရှိဖို့တော့လိုအပ်ပါတယ်။မရှိခဲ့လျှင်တောဒီမှာဒေါင်းလုပ်အရင်လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့

ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကို ဒီမှာအရင် ဒေါင်းလုပ်လုပ်ရပါမယ်။

ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...ဒါဆိုရင်တော့အင်စတောလုပ်သည့်ဖြစ်စဉ်ပြီးဆုံးပြီဖြစ်ပါတယ်။

ပြီးလျှင်တတိယအဆင့်အနေနှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအားအရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကိုရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။

Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....ှStart--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကိုရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။
မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင်google video အား sravi:gvideo:Utube video ဆိုလျှင် sravi:utube:<http://www.youtube.com/watch?v=P6HYimHlj4E ဟုမိမိပြချင်သည့်သူအား၎င်းနှင့်ချက်နေသည့်ဝင်း ဒိုး လေးထဲတွင်ရေးထည့်ပေးလိုက်လျှင်ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထားလျှင်ကြည့်လို့ရပြီဖြစ်ပါတယ်။

အထက်က youtube video link နေရာမှာဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brown ရဲ့ with youဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....

Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အားဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်လမ်းညွှန်ပြထားပါတယ်။ပုံတွေဘာတွေတော့မဖော်ပြနိုင်တော့တာနားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..အဲဒီအတွက်တော့မူရင်းဝဘ်ဆိုက်မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်...ပို့စ်အောက်ခြေအဆုံးနားတွင်မူရင်းဝဘ်ဆိုက်အား Credit ပေးဖော်ပြထားပါတယ်...

Credit = Mr Ravi Sharma

အထက်ပါပို့စ်အားMr Ravi Sharma's weblog မှသင့်တော်သလိုကြိုးစား၍လက်တွေ့နှင့်ယှဉ်ပြီးရေးသားထားပါသည်။

Thank you so much for your Gtheme version 2.0 , Mr Ravi Sharma

ကိုတေ ကျေးဇူးလေးပါ..အားလုံးကို မျှဝေလိုက်ပါသည်...

ဆက်ဖတ်ရန်...

 
လပြည့်ဝန်း © 2008. Template by BloggerBuster.