သူငယ်ချင်းတို့ရေ view source နဲ့ အသုံးပြုလို့၇တဲ့နည်းလေးပေါ်လာပါပီ
View source က မူလစာမျက်နှာမှာရှိတဲ့ လင့်တွေ သို့မဟုတ် တစ်ခြားဝက်ဆိုက်မှာတင်ထားတဲ့စာတွေပုံတွေကို တစ်မျက်နှာလုံးပေါ်အောင် ကူးယူးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဒီနည်းကို သုံးတယ်ပြီဆိုရင် သူများစာမျက်နှာကဟာတွေကို
အလွယ်တကူကူးမယူစေရန် သတိပေးချင်ပါတယ် ဒီနည်းလေကို သိအောင် တတ်အောင်ပြချင်တဲ့သဘောလေးနဲ့ ဒီလိုလုပ်လို့ရတဲ့ဆိုတာကို ဖော်ပြချင်တာပါ
အသုံးပြုပုံလေးတွေကို သူငယ်ချင်းတို့အလွယ်တကူနားလည်အောင်လို့ ပုံးလေးတွေနဲ့ဖော်ပြချင်ပါတယ်။
၁။ဒီလင့်လေးကိုကလစ်ပေးပါ
၂။ ထိုနောက်
ဒီပုံလေးပေါ်လာပါလိမ့်မယ် ၃။ ပေါ်လာတဲ့အကွက်နေရာမှာသင်ကော်ပီချင်တဲ့လင့်လေးရိုက်ထည့်ပါ
၎။ ထိုနောက်ဒီစတိုင်လေးပေါ်လာပါလိမ့်မယ်
အကွက်ကြီးတည်းကစားလုံးများကို COPY လေးပေးပါ ၅။ထိုနောက် သင် PASTE လုပ်ရမဲ့နေရာကိုသွားပါ
၆။မိတ်ဆွေအဲဒီအကွယ်လေးထဲကိုရောက်ရင် စောနကကူးလာတဲ့ကုတ်လေးများကို paste လေးကလစ်ပြီးထည့်လိုက်ပါ
၇။ပေါ်လာပြီဆိုတာနဲ့ save ကိုကလစ်ပါ ထိုနောက်မိတ်ဆွေ၏စာမျက်နှာမှာမိတ်ဆွေလိုချင်တဲ့လင့်လေးများပေါ်လာပါပီ။
ပေါ်လာတဲ့ပုံလေးများကတော့ သင်ယူလာတဲ့ဆိုက်မှရှိသည့် song,clander,logo.link.flag စသဖြင့်ပေါ်လာပါမယ်အောက်ပါဓာတ်ပုံလေးအတိုင်းပေါ့



ကဲ သူငယ်ချင်းတို့ရေနည်းလမ်းလေးကတော့ ဒါဘဲနော်ကြိုးစားကြည့်ကြပေါ့အားလုံးဘဲနော်
GOD LUCK !!!
ဒီနေရာ မှ ကူးယူဖော်ပြပါသည်။
ဆက်ဖတ်ရန်...
ပြန်ခေါက်ခဲ့လေ...
ဟိုတစ်လောက ဗိုင်းရပ်စ်တွေအကြောင်းရေးထားတဲ့ Post လေး တစ်ခုကို ဖတ်လိုက်ရတာ တော်တော်သဘောကျတယ်ဗျ ..။ ကျွန်တော်လည်း အဲဒီအကောင်တွေကို လေ့လာနေတာပါ ..။ သူတို့နဲ့ပါတ်သက်ပြီး ကျွန်တော့်အမြင်ကို ပြောပြချင်ပါတယ် ..။
ကျွန်တော့်အမြင်မှာ computer virus တွေကို အဓိက အုပ်စုကြီးနှစ်စု ခွဲနိုင်မယ်ထင်ပါတယ်။ ပထမအုပ်စုက အခုခေတ်မှာတော့ တော်တော်တွေ့ရခဲသွားပါပြီ။ သူတို့က exe package တွေထဲမှာ ထိုးဖောက်ပြီး သူ့ code တွေ ရေးသွားတာပါ။ exe package ရဲ့ header နောက်ကနေပြီး jump code နဲ့ မူရင်း code တွေအရင် သူ့ကိုသူ execute လုပ်ပါတယ်။ နောက်မှ မူရင်း exe ရဲ့ code တွေကို execute လုပ်ဖို့လွှဲပေးတတ်တယ်။ သူတို့မှာ သူတို့ရဲ့ target executable file type ရှိကြပါတယ်။ Computer ပေါ်မှာ run နိုင်ဖို့ exe, com, sys စတဲ့ ဖိုင်အမျိုးအစား တစ်မျိုးမျိုးမှာ သူတို့ကိုယ်သူတို့ ချိတ်ဆက် လိုက်ကြလေ့ရှိပါတယ်။

An example of relocating code.
နောက်တစ်ခုကတော့ အခုအများတွေ့ကြုံနေရတဲ့ သူ့ဘာသာ သီးသန့် exe file အဖြစ် read only hidden system file အနေနဲ့ တွေ့ရတတ်တဲ့ အမျိုးအစားပါ။ သူတို့ရဲ့ ပုံတူပွား exe တွေဟာ folder icon ယူထားတတ်ကြပါတယ်။ Directory တွေရဲ့ နာမည်ကိုကူးယူ၊ သူတို့ကိုယ်သူတို့ အဲဒီနာမည် ပေးပြီး မူရင်း folder ကို system file hidden အမျိုးအစားဖြစ်အောင် လုပ်ပစ်တတ်ပါတယ်။ User မြင်နေရတဲ့ folder ဟာ အမှန်က exe file ဖြစ်နေပါပြီ ..။ သူတို့ဟာ windows registry ထဲမှာ startup value တွေ ထည့်ပြီး သူတို့ကိုယ်သူတို့ run နိုင်အောင်လုပ်ကြပါတယ်။
Anti-virus ပရိုဂရမ်တစ်ခုခုနဲ့ virus ရှင်းတဲ့အခါ ဒုတိယတစ်မျိုးမှာ ပြဿနာမရှိပေမယ့် ပထမ တစ်မျိုး ကူးစက်ဝင်ရောက်ခံထားရတဲ့ စက်မှာရှိတဲ့ exe package တွေဟာ remove လုပ်ခံရပါတယ်။ သူတို့ရဲ့ exe package တွေထဲမှာကို virus code တွေပါနေတော့ သူတို့ဟာ ဖျက်သိမ်းခံရတာပါ။ ရှားပါးတဲ့ software တွေတင်ထားရင်၊ software setup တွေသိမ်းထားရင် အားလုံးသွားပြီ။ အဲဒါကြောင့် အဲဒီလိုမဖြစ်စေပဲ သူတို့ကို ရှင်းထုတ်နိုင်မယ့်နည်းကို သိကြရင် လက်ဆင့်ကမ်းကြပါဦးလို့ အားလုံးကို အကူအညီ တောင်းပါတယ်။ ဒီအမျိုးအစားဟာ အခုနောက်ပိုင်းမှာ တွေ့ရခဲတယ်ဆိုပေမယ့် တွေ့တော့ တွေ့နေရတုန်းဖြစ်ပါတယ်။(တောင်းပန်ချက်။ ။ ကျွန်တော် Hex Editor သုံးနိုင်သောအဆင့်မရောက်သေးပါ။)
ဆက်ဖတ်ရန်...
ပြန်ခေါက်ခဲ့လေ...

ကျွန်တော် E Book ~ pdf တွေ ဖတ်စရာရှိတာတွေကို ရှာရင် အမြဲ free ရတဲ့ ဆိုဒ်တွေမှာ ရှာလေ့ ရှိပါတယ်။ ဆိုဒ်တွေ ဖတ်ရင် စာအုပ် အသစ်တွေထွက်ရင် အမြဲဖတ်ချင်တယ် ခက်တာက ကျွန်တော်တို့ ဆီမှာ အဲဒီ စာအုပ်တွေ ၀ယ်လို့ မရဘူး။ နောက် ၀ယ်ဖို့ အဲဒီ 30, 40, 100, 200, 500 တန် စာအုပ်တွေ ၀ယ်ဖို့လဲ ပိုက်ဆံ မရှိပါဘူး။ အဲဒီတော့ အရင်ဆုံး အခုတင်လိုက်တဲ့ PDF EBook Search Engine တွေမှာ လိုက်ရှာပါတယ်။ အဲဒီ ဆိုဒ်တွေမှာ နာမည်ကျော် စာအုပ်တွေ ဖရီး download လုပ်လို့ ရပါတယ်။ ထွက်တာ မကြာသေးတဲ့ စာအုပ်လဲ ရတယ်။ နည်းပညာ၊ ဟာသ၊ ၀တ္တု၊ မဂ္ဂဇင်း အစုံ ရှာလို့ ရပါတယ်။ တော်တော် အသုံးတည့်ပါတယ်။ လောလောဆယ်တော့ Site Point က စာအုပ်တွေ အလကားရလို့ ပျော်နေပါတယ်။ ဖတ်ဖို့ မီးမလာတော့ လောလေဆယ် ဘာမှ လုပ်မရဘူး။
PDF Search Engine

PDF Search Engine
Pdf Geni

Pdf Geni
ဒီတစ်ခုက iPhone Application ပါ ရှိပါတယ်။
Apple မှာ ကြည့်နိုင်ပါတယ်။
Data-Sheet

Data-Sheet
eBdb

eBdb
eBook Searchr

eBook Searchr
Search E Books

Search E Books
eBooks Bay

eBooks Bay
ဒီနေရာလေး မှ ကူးယူဖော်ပြပါသည်။
ဆက်ဖတ်ရန်...
ပြန်ခေါက်ခဲ့လေ...